5
လူတို့/ထဲမှ ဘုရားသခင်/ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်း/ဟူသည်/မှာ ပူဇော်စရာများ/နှင့် အပြစ်ဖြေရာယဇ်/ကို လူတို့/ကိုယ်စား ဘုရားသခင်/အား ပူဇော်/ရန် ခန့်အပ်ခံရသူ/ဖြစ်၏။ 2 ထို/ယဇ်ပုရောဟိတ်မင်း/သည် ကိုယ်တိုင်/အားနည်းချက် ရှိ/သဖြင့် မသိ/နားမလည်ဘဲ လမ်းမှား/ရောက်နေသူတို့/ကို စာနာ/နိုင်၏။ 3 ထို့ကြောင့် သူ/သည် လူတို့/အပြစ်/အတွက် သာမက မိမိ/အပြစ်/အတွက်/ပါ ယဇ်ပူဇော်ရ၏။
4 ဂုဏ်အသရေ/ရှိသော ယဇ်ပုရောဟိတ်မင်း/အရိုက်အရာ/ကို မည်သူ/မျှ မိမိ/သဘော/ဖြင့် မရယူ/နိုင်ပေ။ ဘုရားသခင်/သည် အာရုန်/အား ခန့်အပ်တော်မူ/သကဲ့သို့ ခန့်အပ်တော်မူခြင်း/ခံရသော/သူများ/ကသာ ရယူ/နိုင်၏။
5 ထိုနည်းတူ ခရစ်တော်/သည် မိမိ/ကိုယ်/မိမိ ယဇ်ပုရောဟိတ်မင်း/အဖြစ် ချီးမြှောက်သည်/မဟုတ်။ ကိုယ်တော်/အား
“သင်/သည် ငါ့/သား/ဖြစ်၏။
ယနေ့ ငါ/သည် သင်/၏/အဖ/ဖြစ်လာ၏”
ဟု မိန့်တော်မူသော/ဘုရားသခင်/က ခန့်အပ်တော်မူခြင်း/ဖြစ်၏။ 6 ကျမ်းစာ/၏ အခြား/တစ်နေရာ/တွင်/လည်း ဘုရားသခင်/က “သင်သည် မေလခိဇေဒက်/နည်းတူ ထာဝရ/ယဇ်ပုရောဟိတ်/ဖြစ်၏” ဟု မိန့်တော်မူ၏။
 
7 ခရစ်တော်/သည် ကမ္ဘာလောက/၌ လူသား/အဖြစ်/ရှိ/စဉ် သေခြင်း/မှ ကယ်တင်နိုင်သော ဘုရားသခင်/ထံ ပြင်းပြ/စွာ အော်ဟစ်/၍ မျက်ရည်/ကျ/လျက် အသနားခံ/တောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်/ထံ အပ်နှံ/၍ မိမိ/အား ရိုသေ/သောကြောင့် ဘုရားသခင်/သည် ကိုယ်တော်/၏ ဆုတောင်းချက်များ/ကို နားဆင်တော်မူခဲ့၏။ 8 ခရစ်တော်/သည် ဘုရားသခင်/၏/သားတော်/ဖြစ်/သော်လည်း မိမိ/ခံစားရသော/ဆင်းရဲဒုက္ခ/အားဖြင့် နာခံတတ်/ရန် သင်ယူတော်မူ၏။ 9 ကိုယ်တော်/သည် ပြီးပြည့်စုံ/လာသည့်/အတွက် မိမိ/ကို နာခံ/သူအပေါင်းတို့/အား ထာဝရ/ကယ်တင်ခြင်း/ကို ပေးတော်မူသော/အရှင်/ဖြစ်လာ၏။ 10 ဘုရားသခင်/သည် ကိုယ်တော်/အား မေလခိဇေဒက်/နည်းတူ ယဇ်ပုရောဟိတ်မင်း/အဖြစ် ခန့်အပ်တော်မူ၏။
ဝိညာဉ်/ရေးရာ မရင့်ကျက်မှု/ကို သတိပေးခြင်း
11 ဤ/အကြောင်းအရာ/နှင့်/ပတ်သက်/၍ ကျွန်ုပ်တို့/၌ ပြောစရာ/များစွာ ရှိ/သော်လည်း သင်တို့/သည် နားလည်/ရန် မကြိုးစားတော့/သောကြောင့် ရှင်းပြ/ရန် ခက်ပေ၏။ 12 သင်တို့/သည် လေ့လာ/ဆည်းပူးခဲ့သော/ကာလ/အရ ဆရာများ/ဖြစ်သင့်/သော်လည်း ဘုရားသခင်/၏/နှုတ်ကပတ်တော်/နှင့်/ဆိုင်သော/အခြေခံ/အကြောင်းအရာများ/ကို အခြားသူ/ထံမှ ထပ်မံ/သင်ယူ/ရန် လိုအပ်နေ/သေး၏။ သင်တို့/သည် မာသော/အစာ/ကို မစားနိုင်/ဘဲ နို့/ကို/သာ သောက်နိုင်ကြသေး၏။ 13 နို့/ကို/သာ သောက်နေသူများ/သည် နို့စို့သူငယ်များ/သာ/ဖြစ်/သောကြောင့် အမှား/အမှန်/ကို ဝေဖန်/ပိုင်းခြား/နိုင်စွမ်း မရှိကြပေ။ 14 မာသော/အစားအစာ/မှာ အရွယ်ရောက်သော/သူများ/အတွက်/ဖြစ်ပြီး ထို/သူတို့/သည် အကောင်း/နှင့်/အဆိုး/ကို ဝေဖန်/ပိုင်းခြား/နိုင်ရန် လေ့ကျင့်ထားသည့်/သူများ/ဖြစ်၏။